အထက်မင်းလှဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့မှ ပူးပေါင်း၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဇေယျာသီရိဈေးအပြင်ဘက်တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ စားသုံးဆီများရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် လက်မှတ်များရယူ၍ ကာလပေါက်ဈေးထက် ဈေးနှုန်းလျှော့ချကာ စားသုံးဆီတစ်ပိသာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရုံးရပ်ကွက်မြောက်ပိုင်းရပ်ကွက်၊ ရုံးရပ်ကွက်တောင်ပိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ တောင်ရပ်ကွက်၊ မြောက်ရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်တို့မှ အိမ်ထောင်စု (၅၅၀)စုအား တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိသာနှုန်းဖြင့် စုစုပေါင်းစားသုံးဆီ ပိဿာ (၅၅၀)ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)