အောင်လံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ အပတ်စဉ် ကြာသပတေးနေ့တိုင်း ရောင်းချပေးလျက်ရှိ

အောင်လံ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည် (၃၀၀၀)နှုန်းဖြင့် အိတ်(၂၀)၊ စားသုံးဆီတစ်ပိဿာ (၅၀၀၀)နှုန်းဖြင့် (၂၅၀)ပိဿာ၊ ကြက်ဥဆယ်လုံး (၂၀၀၀)နှုန်းဖြင့် (၆၀၀)လုံး၊ ကြက်သားတစ်ပိဿာ (၁၀၀၀၀)နှုန်းဖြင့် (၂၂)ပိဿာ၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀)နှုန်းဖြင့် (၁၅)ပိဿာ စသည့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးခဲ့ရာ ယနေ့ စုစုပေါင်း ရောင်းချတန်ဖိုးငွေကျပ် (၄၇၇၄၀၀၀/) (ကျပ်လေးဆယ့်ခုနှစ်သိန်းခုနှစ်သောင်းလေးထောင်တိတိ)ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)