သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဂုံမင်းကျေးရွာ အုပ်စုတွင် ဆိုလာနှင့်၆လက်မ ပန့်နှစ်လုံးဖြင့် ရေတင်နေမှု၊ ဘောင် ငရုတ်စိုက်ပျိုး ဖြစ်ထွန်းမှုနှင့် နွေစပါး စိုက်ရန် ပြင်ဆင်နေမှုများအား ကြည့်ရှု

သာပေါင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဂုံမင်းကျေးရွာအုပ်စုတွင် ဆိုလာနှင့် ၆ လက်မ ပန့်နှစ်လုံးဖြင့် ရေတင်နေမှု၊ ဘောင် ငရုတ်စိုက်ပျိုးဖြစ်ထွန်းမှုနှင့် နွေစပါးစိုက်ရန် ပြင်ဆင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက ဂုံမင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၆၀-B)၊ဦးပိုင်အမှတ်(N-၈၇)၊ တောင်သူဦးဝင်းစိုး လယ်(၉၇)ဧကတွင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် Solar(၁၄)ပြား၊(၆)လက်မ ပန့်(၂)လုံးဖြင့် ရေတင်နေမှု၊ (၁၂)မြောင်းဘောင်ပေါ်တွင် သီးပင် စားပင် ငရုတ်စိုက်ပျိုးထားရှိဖြစ်ထွန်းနေမှု၊ နွေစပါးစိုက်ရန် ထွန်ယက် ပြင်ဆင်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)