ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်သူများအား သင်ယူမှုအခွင့်အလမ်း အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်မြို့ စက်မှုအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းဇော်ဦးက စက်မှုဘာသာရပ်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)