ရွှေတောင် ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု (ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေပေးဆပ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မဏိကမ္ဘာကုမ္ပဏီတာဝန်ခံ ဦးအောင်ချမ်းမြေ့က သွင်းအားစု (ဓာတ်မြေသြဇာ) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု (ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေပေးဆပ်သည့်ရပ်ကွက်/ ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော ကျေးရွာအုပ်စုများအား ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မဏိကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)