သရက်ချောင်း ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊ သတင်းမှားများနှင့် အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများ၊ အင်တာနက်တွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေရေးသားသူများအား အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို တက်ရောက်လာသူများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့၊ မြို့မစခန်းမှူး ဦးသိန်းထိုက်က Facebook ပေါ်တွင် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေသော page များမှ ပြည်သူများက share ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ထို့သို့ပြုလုပ်ပါက တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ကြောင်း ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနအနေဖြင့် အခြားသတင်းမီဒီယာများမှ သတင်းမှားများကို မိမိဌာန Facebook Page များတွင် အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ဒေသလှုပ်ရှားမှုသတင်းများနှင့် အခြားလှုပ်ရှားမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက်ရှိပါကြောင်း တက်ရောက်လာသော ရပ်မိ/ရပ်ဖများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေးကော်မတီမှ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွား ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)