ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး

ကျောင်းကုန်း ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ  ယနေ့နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များဖြစ်သည့်အမှတ် (၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်တို့အတွင်းရှိ နေအိမ်အဆောက်အဦများ မီးသုံးစွဲမှုစနစ်ကျ စေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက်မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ နေအိမ်အဆောက်အဦများ မီးသုံးစွဲမှု စနစ်ကျစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့ခြင်းကိုနေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)