ရေနံချောင်း ဇန်နဝါရီ ၃၁
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ စာစီစာကုံး၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့က အဆိုပါတက္ကသိုလ် မိန်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ရေနံချောင်းတက္ကသိုလ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းကျောင်းသား ကျောင်းသူများက ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုအကျိုး တို့သယ်ပိုးကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “ခိုင်မာစုစည်း ပြည်ထောင်စုခရီး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “လက်တွဲညီညီ ရှေ့သို့ချီ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ယှဉ်ပြိုင်နေမှုများကို ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် ပါမောက္ခ(ဌာနမှူး)များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)