တောင်တွင်းကြီးမြို့နယ် ကြက်ဆူတောကျေးရွာတွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး ဇန်နဝါရီလ ၃၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ တောင်သူများသည် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါး၊ ကုလားပဲ စသည့်တို့ကို အဓိကထားစိုက်ပျိုးကျသည့်အပြင် အခြားဝင်ငွေရရှိရန်အတွက်လည်း ကာလတို/ကာလရှည် စိုက်ပျိုးသီးနှံအဖြစ် ကြက်သွန်နီ စိုက်ပျိုးထားလျက်ရှိရာ ကြက်ဆူတောကျေးရွာမှ တောင်သူဦးခင်သောင်း စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ယခင်နှစ်ထက် ယခုနှစ်တွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ်ကြီးမားကြောင်း၊ ကြက်သွန်ဥအသေး စသည့်တို့ကို ကုန်ချိန် (၁၀၀)ဝယ်ယူလျှင် (အလျား ၈ ပေ x အနံ ၃ ပေ)အကွက်စနစ် အကွက်ပေါင်း (၃၅၀)ရရှိကြောင်း၊ ကြက်သွန်နီ ပျိုးပင်စနစ်ဖြစ် စိုက်ပျိုးလိုလျှင် ကြက်သွန်နီတစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးပင်လုံလုံလောက်လောက်ရရှိရန် ပျိုးစေ့ ()ပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း (၄၅)ရက်တွင် စိုက်ပျိုးနိုင်ကြောင်း၊ သက်တမ်း(၄၅)ရက်ကျော်လွန်လျှင် ကြက်သွန်ဥကြီးထွားမှု နှောင့်နှေးကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့တန်ဖိုး၊ ထွန်ယက်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ခြင်း၊ အပင်ကြီးထွားရန် အားဆေးဖျန်းပတ်ခြင်း၊ မြေသြဇာနှင့် တူးဖော်ခြင်း စသည့် အထွေထွေကုန်ကျစရိတ်အဖြစ် တစ်ဧကလျှင် ငွေကျပ် (၂၀)သိန်းမှ (၃၀)ကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး တူးဖော်ရန်အတွက် အချိန် ()လအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်မကျရောက်ရန် ဂရုစိုက် ပြုစုပျိုးထောင်ရကြောင်း၊ မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် ကုန်ချိန် (၃၀၀၀)မှ (၄၀၀၀)အထိ ထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)