သနပ်ပင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

သနပ်ပင် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စည်ပင်သာယာအဖွဲ့ မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးအတွက် သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက  အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းမင်းက မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍  ဈေးသူဈေးသားများအား အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဥ်ဖြင့် မီးငြှိမ်သတ်ခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက  မီးဘေးအန္တရာယ်ကြုံ‌တွေပါက မီးငြှိမ်းသတ်ပုံ၊ မီးငြှိမ်းသတ်နည်းများအား စည်ပင်သာယာရေးဝန်ထမ်းများနှင့် စျေးသူစျေးသားများအား လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း များ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်း သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ  ရဲတပ်ဖွဲ့ဝင်များ၊  စျေးအကျိုးတော်ဆောင်များနှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက် )