ဘိုကလေးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ဘိုကလေး ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်း များ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မိမိတို့မြို့နယ်အတွင်း ကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် အားလုံးတွင်တာဝန်ရှိ ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်းနှင့် ကလေးအလုပ်သမား ဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်သည့် ဖြစ်စဉ်များ၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရ သည်။

မိုးစက်(ဘိုကလေး)