မြန်အောင် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားမှုမရှိစေရန် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရပ်ကွက်အတွင်းရှိနေအိမ်များ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှု မဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးနိုင်ရဲထွေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်၍ နေအိမ်များအတွင်း မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)