ယင်းမာပင် ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ)၏ သိတဲ့မြင်တဲ့အတိုင်းစာအုပ်မှ လူငယ်နှင့် ဆက်ဆံရေးဆောင်းပါး စာဖတ်ဝိုင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်မင်းဌေး၊ ဦးမျိုးမင်းဦး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းအဖွဲ့ဝင် ဒေါ်မိုးမိုးမြင့်အေးနှင့် ဒေါ်နေမွန်စံတို့က စာရေးဆရာ သိုက်စိုးထွန်း (နတ်ရွာ)၏ “သိတဲ့မြင့်တဲ့အတိုင်း” စာအုပ်မှ “လူငယ်နှင့် ဆက်ဆံရေးအကြောင်း” ဆောင်းပါးကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)