ရွှေတောင် ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအခြေပြု DT ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု DT ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မှုအား ဆေးရုံအုပ်ကြီးဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူလေးများကို ထိုးနှံပေးခဲ့ကြောင်း ရွှေတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)