သာယာဝတီ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကို ဆွေးနွေးစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
သန့်ဇော် (ပြန်/ဆက်)