ရေနံချောင်း ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပွင်းလင်းရာသီရောက်ရှိလာချိန်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန် ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များတွင် မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ ထင်းမီးသွေးတို့ဖြင့် မီးဖိုသုံးစွဲ ချက်ပြုတ်ပြီးပါက စနစ်တကျငြိမ်းသတ်ရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများ စနစ်တကျ ထွန်းညှိ ငြိမ်းသတ်ရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ပြင်ဆင်ဆောင်ရွက်ထားရှိရန် စသည့် မီးဘေးအန္တရာယ်ကင်းဝေးရေး သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)