သရက် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက ရွှေမြန်မာမျိုးစက်သုံးဆီအရောင်းဆိုင်အား စတင်စစ်ဆေးခဲ့သည်။
အဆိုပါ ပစ္စည်းများစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှုအခြေအနေ၊ စက်သုံးဆီသိုလှောင်မှုအခြေအနေ၊ လုပ်သားများ မီးသတ်ပစ္စည်းကရိယာများအား ကိုင်တွယ်သုံးစွဲနိုင်ခြင်း ရှိ/မရှိ အခြေအနေများကို လိုက်လံစစ်ဆေးပြီး မီးသတ်ဆေးဗူးအသုံးပြုမှု အခြေအနေများအား ရှင်းလင်းပြသပေးခဲ့ကာ (FOAM) အမြှုပ်လုပ်မီးသတ်ပိုက်ခေါင်း အသုံးပြုပုံတို့ကို ရှင်းလင်းပြသပေးခဲ့သည်။
အလားတူ ဦးချိုစက်သုံးဆီဆိုင်၊ (AY)စက်သုံးဆီဆိုင်များသို့ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)