ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာကောက်ယူသွားနိုင်ရေးအတွက် မြေပြင်အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က နယ်မြေအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အဖွဲ့များခွဲပြီး စာရင်းကောက်ကွက်များအလိုက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို E Mobile Tablet စနစ်ဖြင့် စနစ်တကျပြုစုဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဝန်ထမ်းများအဖွဲ့က ကနဦးမြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်ရှိ စာရင်းကောက်ယူရန် သတ်မှတ်ထားသည့် ကောက်ကွက် (၁၂) ခုကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ မတ်လ (၃၁)ရက်နေ့ အထိ အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)