မကွေးမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေး ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က ဆားရွှေကင်းရပ်ကွက်သို့ သွားရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသူ၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် အသုံးပြုလျက်ရှိသော မီးဖိုမီး၊ လျှပ်စစ်မီးနှင့် အခြားအသုံးပြုလျက်ရှိသော မီးတို့ကို စနစ်တကျသုံးစွဲရေး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)