မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ဆေးကုသပေး

မြို့သစ် ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ၏ ကျန်းမာရေးအား တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် ကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အပတ်စဥ် (ဗုဒ္ဓဟူးနေ့) တိုင်း မြို့နယ် ပြည်သူ့ဆေးရုံဝန်းရှိ သံဃာဆောင်ဆောင်၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ အားသွေးခုန်နှုန်း တိုင်းတာခြင်း၊ အဖျားတိုင်းခြင်းများ ဆောင်ရွက်ကာလိုအပ်သည့် စမ်းသပ်ချက်များအပေါ် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)