ပုသိမ် ဇန်နဝါရီ ၃၁
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာရှိ တောင်သူဦးအေးကြွယ်၏ လယ်ယာမြေ(၇.၀၀)ဧကတွင် နွေစပါးသီးထပ်ရင်မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားရှိသည့် အသားတိုးဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)