သာပေါင်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအုပ်စု၊ သီတပ်ကလေးမြောင်း တူးဖော်ရေးလုပ်ငန်းခွင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်တို့က ရွှေညောင်ပင် ကျေးရွာအုပ်စု၌ ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင်ပြုရန်ပုံငွေ (၈၄.၃၄၀)ကျပ်သန်းဖြင့် အားမာန်လွင်ကုမ္ပဏီမှ သီတပ်ကလေးမြောင်း (၁.၈၉၀ မိုင် x ၃၀ ပေ x ၁၀ ပေ x ၁၀ ပေ)တူးဖော်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး မြေသားနံရံ ပြိုကျမှုမရှိရေး၊ လိုအပ်သည့်နေရာ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်နှင့် အချောသတ်လုပ်ငန်း ဆောင်ရွက်ရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)