လပွတ္တာ ဇန်နဝါရီ ၃၁
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် လပွတ္တာကုတင်(၂၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးဆေးကုသရေးအဖွဲ့သည် ငပုတောမြို့နယ် မကျီးပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသပေးရာတွင် ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာရှိ အထွေထွေရောဂါလူနာ(၁၃၃)ဦး၊ အရိုးအကြောလူနာ(၁၅၅)ဦး၊ သွားနှင့်ခံတွင်းလူနာ(၈၀)ဦးနှင့် ကလေးလူနာ(၂၇)ဦး စုစုပေါင်းဒေသခံပြည်သူ(၃၉၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ(၃)ဦးအား ကုသရန် လပွတ္တာခရိုင်ဆေးရုံကြီးသို့ လွှဲပို့ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လပွတ္တာခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသီတာအောင်နှင့် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)