လပွတ္တာ​မြို့ (ကျောက်ဖြူ) မူလွန်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

လပွတ္တာ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အခြေခံပညာမူလွန်ကျောင်း၊ ကျောက်ဖြူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အ.ထက(၃)မိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်၊ ကျောက်ဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ကျောင်းအုပ်ရာမကြီး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်​ပြီးကျောင်းသား၊ ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော် သီချင်းဖြင့်သီဆို ဖျော်ဖြေပေးခဲ့သည်။

ဆက်လက်၍ လပွတ္တာမြို့နယ် ကျောက်ဖြူမူလွန်ကျောင်းမှ ဆရာမကြီး ဒေါ်သန်းသန်းစိုးက အမှာစကား ပြောကြားခဲ့ပြီးထူးချွန်ဆုများ ရရှိခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဆုများကိုချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ကျောင်းကော်မတီများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)