အောင်လံ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ် ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက အောင်လံမြို့ မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များပူးပေါင်း၍ ဈေးအတွင်းမီးသုံးစွဲမှု မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ရေကန်၊ မီးသတ်ရေငုတ်များ၊ မီးသတ်ပိုက်လိပ်များ၊ အပေါ့စားမီးသတ်စက်များ၊ ဆောင်ရွက်ထားရှိ မှုအား အသင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)