ပုလောမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပုလော  ဇန်နဝါရီလ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၁၀ နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်နှင့် ကျောင်းသား/သူများကို ဆုများ ချီးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ရန်ပုံငွေရှာဖွေရေးကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ နေရာချထားရေးနှင့် သတင်းထုတ်ပြန်ရေး၊ စာစီစာကုံး၊ ကျဘမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)