ရေနံချောင်း ဇန်နဝါရီ ၃၀
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ စက်ရုံအလုပ်ရုံများနှင့် နေအိမ်များသို့ သွားရောက်၍ ယနေ့နံက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းဦးနှင့် တပ်ဖွဲ့ဝင်များက မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရန်အတွက် လျှပ်စစ်မီးသုံးစွဲမှု၊ ထင်း၊ မီးသွေး ဂက်စ်မီးသုံးစွဲမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဟောင်းနွမ်းဆွေးမြေ့နေသည့် လျှပ်စစ်မီးကြိုးများကို လှဲလယ်သုံးစွဲရန်၊ ထင်းမီးသွေးမီးဖိုများ ချက်ပြုတ်သုံးစွဲပြီးပါက စနစ်တကျငြိမ်းသတ်ရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများကို စနစ်တကျသုံးစွဲရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိရန်နှင့် မီးကို ပေါ့ပေါ့ဆဆမသုံးစွဲကြရန် မီးသုံးစွဲသူပြည်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)