ဝေါမြို့နယ် စည်ပင်သာယာအဖွဲ့ မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်

ဝေါ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာအဖွဲ့မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးအတွက် ဝေါမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို အဆိုပါစျေး၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဇေယျာဖြိုးက မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် စျေးသူစျေးသားများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲသို့ဌာနဆိုင်များ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဦးစီးမှူးနှင့် ဝန်ထမ်းများ စျေးအကျိုးတော်ဆောင်များနှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)