‌မြောင်းမြမြို့နယ် သမဝါယမအသင်းစု၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး​ကျင်းပ

မြောင်းမြ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သမဝါယမအသင်းစု၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး​ကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ယနေ့နံနက် (၁၀:၃၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ဧည့်သည်တော်များအဖြစ်ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းနှင့်မြောင်းမြမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စန္ဒာညွှန့်တို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ်၏ ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူခဲ့ပြီးနောက် သဘာပတိမှနိဂုံးချုပ်အမှာစကားပြော၍ အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေဝေ (မြောင်းမြ)