ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်

ညောင်တုန်း ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၃)ဖွဲ့ခွဲ၍ ကောက်ကွက်များ အလိုက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ညောင်တုန်းမြို့နယ်အတွင်း အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို မတ်လ ၃၁ ရက်‌နေ့အထိ ကောက်ကွက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)