ဒေးဒရဲ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အားကစားအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက သံဒိသဲကုန်းလေးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်မျိုးလွင်က မြိုနယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမား ပေါ်ထွန်းလာစေရေး ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးနေမှုများ၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်တာဝန်ရှိသူများထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း