ခင်ဦး အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် (၆၀) နှစ်နှင့် အထက် ပြည်သူများ၊ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ဖြစ်ပြီး ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိဆန္ဒမဲပေးနိုင်ကြောင်း၊ နိုဝင်ဘာလ ၆ ရက် နှင့် ၇ ရက်နေ့များတွင် အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ မလာရောက်နိုင်သော မဲဆန္ဒရှင်များကို အိမ်အရောက်သွားရောက် ကောက်ယူသွားမည်ဖြစ်ကြောင်း အောင်ချမ်းသာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်း ၏ပြောကြားချက်အရသိရသည်။
ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း (၁၁၂) ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ (၁၂၄၅၁၁)ဦး၊ ကြိုတင်ဆန္ဒမဲ ပေးမည့်သူ (၁၈၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလှိုင်ဝင်းထွန်း ထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)