ဝေါ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် (၇) နှစ်အောက် (KG) ကလေးငယ်များ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီက ဝေါမြို့ အ-ထ-ကကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် သားဖွားဆရာမ ဒေါ်ယဥ်ယဥ်လတ်ခိုင်နှင့် သားဖွားဆရာမ ဒေါ်တင်ဇာနွယ်တို့မှ အသက် (၇) နှစ်အောက် (KG) ကလေးငယ်များ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးအား ကျောင်းသူ/ ကျောင်းသား (၅၈) ဦးအား ထိုးနှံပေးခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)