နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် (၇) ရပ်ကွက်တွင် မြို့နယ်မီးသတ်မော်တော်ယာဉ်မှ အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနိုးဆော်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေးနိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ မီးသုံးစွဲလျှင် အမြဲလူစောင့်ထားရှိပေးရေး၊ နေအိမ်များတွင်လောင်စာဆီများ သိုလှောင်ခြင်းမရှိရေး၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်စသည့် အကြောင်းအရာများကို လိုက်လံနှိုးဆော်ခဲ့ကြပြီး တမာပင်ရပ်ကွက်အတွင်းရှိ နေ အိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေထားရှိရန်နှင့် စက်ရုံ၊ အလုပ်ရုံများအတွင်း မီးသတ်ဆေးဘူးများ အဆင်သင့်ထား ရှိမှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိ စစ်ဆေးခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့က စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း