လပွတ္တာ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၉ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်း လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူး ဦးဆန်းဦး၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၆)ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက် တစ်ကွက်သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့ပေါ် ရပ်ကွက် (၁၀)ခုတွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းကို အဖွဲ့(၆)ဖွဲ့မှ ကွင်းဆင်း ကောက်ယူကြကြောင်း သိရသည်။
အဆောက်အဦ မှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၉ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ/မနေ၊ ကျား/မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကိုလပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦး၏ ဦးဆောင်စီစဉ်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်တာဝန်ကျအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ပြီးအဆောက်အဦ မှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၉ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင်လူနေ/မနေ၊ ကျား/မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)