ခန္တီး ဇန်နဝါရီ ၂၉
ခန္တီးခရိုင်၊ မီးသတ်ဉီးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ နှင့်ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နွေရာသီကာလရောက်ရှိတော့မည် ဖြစ်၍ မီးသတ်ဉီးစီးဌာနနှင့် ခန္တီးမြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့မမင်္ဂလာဈေး ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုတွင် ခန္တီးခရိုင်၊ မီးသတ်ဉီးစီးမှူး ဉီးအောင်သူက မီးလောင်မှုဖြစ်ပွားလာပါက စတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပေါ် စေသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ပုံ နှင့် ကယ်ဆယ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ အသုံးပြု သရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲသို့ ခန္တီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေ တက်ရောက်အား ပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)