ငပုတော ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ငပုတောမြို့အဝင် ယင်းမာလမ်းဆုံတွင် မော်တော်ယဉ်များစစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်း ၊လမ်းစည်းကမ်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ မော်တော်ယဉ်များစစ်ဆေးခြင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ငပုတောမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ ၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)