မြောင်းမြ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် စက်ချုပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မြစိမ်းရောင်တောင်ရှိ သုဒဿနဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်၊ အသေးစား စက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသူ(၁၅)ဦးဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ဇန်နဝါရီ ၂၈ ရက်နေ့အထိ ရက်(၄၀)ကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး နည်းပြဆရာမ ဒေါ်မြသီတာမှ ဘာသာရပ်(၁၅)မျိုးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)