တောင်တွင်းကြီး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေးလေးပင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အထက(၁)ကျောင်းမှ Grade-7 ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် တေးသရုပ်ဖော်ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲဝင် (၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းတို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အမှတ် (၁) အခြေခံအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် အခြေခံပညာကျောင်းများ၏ ဘက်စုံဖွံဖြိုးတိုးတက်ရေး၊ ကျောင်းသား ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်မှသာလျှင် ထူးချွန်ထက်မြတ်ယဥ်ကျေးလိမ်မာသော ကျောင်းသားကျောင်းသူများ စဥ်ဆက်မပြတ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက ဘက်စုံဖွံဖြိုးတိုးတက်စေရန် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သောဘဝတခု တည်ဆောက်နိုင်အတွက် အဓိကအချက်က သင်ကြားခဲ့သော ပညာရပ်များကို အခြေခံ၍ တိုးတက်ကောင်းမွန်အောင် ကြိုးသားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတကာစာတက်မြောက်ရေးနေ့ တိုင်းအဆင့် မြို့နယ်အဆင့် ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့၊ အာဇာနည်နေ့၊ အိုဇုန်းလွှာကာကွယ်ရေးအထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးဆုရရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲနှင့် ကျောင်းအဆင့် လွတ်လပ်ရေး အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရှိသူသော ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲနှင့် AIDSရောဂါကာကွယ်ရေးအထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ကမ္ဘာဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် တနှစ်ပတ်လုံးခွင့်မယူသည့် ဆရာ/ဆရာမအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အထက(၁) ကျောင်းသား/ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် တေးသရုပ်ဖော်ကပြသီဆို၍ အခမ်းအနားအား ရှုတ်သိမ်းခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)