ပခုက္ကူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၂ ရက်မှစတင်ကာ ရပ်ကွက်၊ ကျေးရွာများအတွင်း မီးသုံးစွဲမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ဆောင်ရွက်ထားမှုရှိ/မရှိအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)