ကသာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကသာ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်း ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကသာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုဝင်းက ကျောင်းတွင်း ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရ ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဘက်စုံစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်သူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)