မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  ဇန်နဝါရီ     ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက် ခရိုင်စုပေါင်းရုံး ဆောင်ရွက်မည့် မြေဧရိယာအတွင်း ဆောင်ရွက်လျက်ရှိသည့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်၊ အရာထမ်းအိမ်ရာ(၂)ခန်းတွဲ(၃)ထပ်နှင့် လမ်းမြေဖို့ခြင်းနှင့် Box Culvert တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ရွှေဘုံသာရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော် တောင်တက်လမ်း မြေသားလမ်းဖောက်လုပ်နေမှုလုပ်ငန်းများနှင့် အတွင်းဘုတ်ပြင်း ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်နေသည့် မြစ်ဆိုးကုန်းချောင်းတွင်ရေတံခါး ( ၅ × ၁၀)ပေ - ၅ ပေါက် (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)