အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ၌ ကျောင်းသားဟောင်းများ၏ လုပ်ငန်းအတွေ့အကြုံ နှီးနှောဖလှယ်ပွဲကျင်းပ

ရေနံချောင်း ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ အောင်မြင်သော ကျောင်းသားဟောင်းများ၏ လုပ်ငန်းအတွေ့အကြုံ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ (ရေနံချောင်း)၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတင်အောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး အစိုးရစက်မှုလက်သိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဝင်းစန္ဒာက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားသင်ယူလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် လုပ်ငန်းခွင်တွင် အောင်မြင်နေသော ကျောင်းသားဟောင်းများကို အားကျ အတုယူတတ်စေရန်အတွက် ယခုလို လုပ်ငန်းအတွေ့ အကြုံ နှီးနှောဖလှယ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မကွေး) လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးမင်းဇော်ဟန်က လုပ်ငန်းခွင်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးရာ ဦးမင်းဇော်ဟန်က ကြုံတွေ့ခဲ့ရသည့် လုပ်ငန်းခွင်အနေအထားများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေး နှီးနှောဖလှယ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)