သရက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲနှင့် Youth Club ၊ Woman Club ၊ Youth Club အဖွဲ့တို့ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၁)အမှတ်(၁)နှင့် (၂)မှ ဆရာလယ်တွင်းသားစောချစ်ရေးသားသည့် ထူးခြားသော ဧည့်သည်ဝတ္ထုတိုဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားရာတွင် စာဖပချစ်မြတ်နိုးသူများ အချင်းချင်းစာအုပ်တစ်အုပ်ကို အတူတူဖတ်ရှုပြီး ဆွေးနွေးရာမှ အတွေးအခေါ် ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုတတ်သည့် လူတော်လူကောင်းများဖြစ်လာစေရန် ဆွေးနွေးခြင်းဖြစ်ပြီး ယခုတစ်ပတ် ထူးခြားသောဧည့်သည် ဝတ္ထုကဲ့သို့ ဌာနတိုင်းကျောင်းတိုင်း စည်းကမ်းရှိသွားလျင် လူဘောင်လောကကြီး သာယာမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Book Club အဖွဲ့ဝင်များ၊ Woman Club ၊ Youth Club အဖွဲ့ဝင်များက မိမိတို့အတွေးအမြင်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမြင့်ဆွေက လူတိုင်းမိမိတာဝန်၊ မိမိကျေဖို့ စည်းကမ်းရှိဖို့တစ်ဦးကို တစ်ဦးလေးစားတက်ဖို့လိုကြောင်း ဆွေးနွေးကာ၊ Women Club ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်းက ဆရာလယ်တွင်းသားစောချစ်ဝတ္ထုကို ပညာရေးဝန်ထမ်းများနှင့် ပုံဖော်ထားသော်လည်း ဌာနတိုင်းမှ ဝန်ထမ်းတိုင်းတာဝန်ကျေဖို့၊ တာဝန်ယူမှု တာဝန်ခံဖို့ ရှိဖိုလိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ လိုကြောင်းနှင့် အကြောင်းကြောင့် အကျိုးဖြစ်တက်ကြောင်း ဆွေးနွေကာ Youth Club ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက လိုချင်တာရလျင် အကောင်းမလိုချင်တာရလျင် အဆိုးဖြစ်တတ်၍ စိတ်ဓါတ်ကြံ့ခိုင်မှုရှိသင့်ကြောင်း ဆွေးနွေးကာ၊ Women Club ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်းက ဆရာလယ်တွင်းသာ စောချစ်တတ္ထကို ပညာရေးဝန်ထမ်းများနှင့် ပုံဖော်ထားသော်လည်းဌာနတိုင်းမှ ဝန်ထမ်းတိုင်းတာဝန်ဖို့၊ တာဝန်ယူမှု တာဝန်ခံမရှိဖို့လိုအပ်သည်ဟု မြင်မိပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဒေါ်ဖြူဖြူဟန်နှင့် မောင်မင်းသိမ်း(သရက်)တို့ကမိမိတို့ အတွေးအမြင်များကို ဆွေးနွေးကြပြီး Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက စာအုပ်တစ်အုပ်ဖတ်ရှုပြီးတိုင်း အကြောင်းအရာပေါ်မှာ အတွေးကိုရပ်တန့်မထားဘဲ ဆက်တွေးတက်စေရန်နှင့် ဒီဝတ္ထုဖတ်ရှုပြီး ငြိမ်းချမ်းသာယာအောင် မိမိကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြရန် စိတ်နေစိတ်ထားကောင်းများ မွေးမြူတတ်စေရန်နှင့် ကျောင်းသားသည်သာ အခရာလို့ သတ်မှတ်နိုင်လျင် ကျောင်းသားများကို သင်ယူလိုစိတ်ပြုစုပျိုးထောင်ပေးနိုင်လျင် ကျောင်းကောင်းဟု သတ်မှတ်နိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)