ရေနံချောင်း ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နဝဒေးခမ်းမ၌ ဇန်နဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသားသူများက “ပညာပန်းခင်း” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ညွန့်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပြီး ကျောင်းသား ကျောင်သူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ မိဘဆရာအသင်း၊ ကျောင်းဖွံဖြိုးရေး ကော်မတီဝင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)