ရေကြည် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ မြို့သူမြို့သားများ ကျန်းမာကြံ့ခိုင်ပြီး ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆရာဝန်ကြီးများက အပတ်စဥ် စနေနေ့တိုင်း မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်၌ ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့သူမြို့သားများ၏ အထွေထွေရောဂါ၊ မျက်စိ၊ သားဖွားမီးယပ် ၊ အရိုးအကြော၊ သွားဖက်ဆိုင်ရာ၊ စသည့် ရောဂါဝေဒနာများကို ပျောက်ကင်းနိုင်စေရန် မြို့နယ်ဆရာဝန်ကြီးများမှ အပတ်စဥ် စနေ့တိုင်း မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)