အိမ်မဲမြို့နယ် Community Centre ခန်းမတွင် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

အိမ်မဲ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်းကျင်းပသော ဘက်စုံသုံးဆပ်ပြာ ဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ () နာရီအချိန်တွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Book Club ဥက္ကဋ္ဌ ခင်ဘိုဘိုနှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်စန်းအေးတို့က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းနှင့် အသုံးဝင်ပုံတို့ကိုအကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘက်စုံသုံးဆပ်ပြာဆီကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့်စိတ်ပါဝင်စားသူ ပြည်သူများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းကို () ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီးသင်တန်းသူ(၂၀)ဦးရှိကာ သင်တန်းတက်ရာက်သူများအနေဖြင့် ဆပ်ပြာဆီပြုလုပ်ပြီး အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားစေမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)