စစ်ကိုင်းခရိုင်တွင် အသက်(၆၀)နှစ်နှင့် အထက် မိဘပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု စနစ်တစ်ကျဖြစ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်း အောက်တိုဘာ ၂၉

စစ်ကိုင်းခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ နှင့်အဖွဲ့ဝင်များသည် အသက်(၆၀)ပြည့်နှင့် အထက် မိဘပြည်သူများ ကြိုတင် ဆန္ဒမဲပေးနေမှု အခြေအနေများအား စနစ်တစ်ကျဖြစ်ရေး ရပ်ကွက်ရွေးကောက် ပွဲကော်မရှင်  အဖွဲ့ခွဲ ရုံးများတွင် ယနေ့ နံနက်(၉)နာရီ အချိန်က လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။

"ဒီကနေ့မှာ အသက်(၆၀)ပြည့်နှင့်အထက် မိဘပြည်သူတွေ ကြိုတင်ဆန္ဒမဲတွေ စတင်ပေးနေကြပါပြီ မဲပေးတဲ့ အခါမှာလည်း ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ် မဲရုံအတွင်း မဝင်ရောက်မီ လက်ဆေးပေးတယ်၊ အပူချိန်တိုင်းတာတယ်၊ နောက်ပြီးပါတီစုံအဖွဲ့ကနေ စောင့်ကြည့်သူတွေနဲ့ မည်သည့်ပြဿနာမျိုးမှ မဖြစ်ပွားရအောင် စည်းကမ်းတကျဖြစ်အောင် ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးတာပါ အောက်တိုဘာ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ (၄)နာရီအထိကို အသက်(၆၀)ပြည့်နှင့်အထက် မိဘပြည်သူများ ကြိုတင်ဆန္ဒမဲ ပေးသွားမှာပါ" ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၁၀)အုပ်စုရှိပြီး မဲရုံပေါင်း (၁၆၃)ရုံရှိရာ မဲပေးနိုင် သူဦးရေ(၂၄၄၃၃၆)ဦး ရှိသည့် အနက် အသက်(၆၀)နှင့်အထက် မဲပေးသူဦးရေ (၄၁၃၉၇)ဦး ရှိကြောင်း သိရှိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)