ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က(၂)စာသင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ကော့သောင်း ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ) အ.လ.က(၂)စာသင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)အချိန်က မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးဒေါ်သန်းစိုးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများ၊ ဘက်စုံထူးချွန်ဆုရသူများ၊ ခရိုင်၊ မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် အလှူရှင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေ ဧည့်ခံကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ကော့သောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်း သူများတက်ရောက်ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)