ဘုတ်ပြင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အ.ထ.က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများ၊ ဘက်စုံထူးချွန်ဆုရသူများ၊ ခရိုင်၊ မြို့နယ် အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် အလှူရှင်များက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေ ဧည့်ခံကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်း သူများတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)